ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာရောက်မယ်လို့ လူတွေနားလည်ထားပါတယ်။ ဒါပေမယ့် အသက်တာ ကောင်းတာလုပ်နိုင်တဲ့လူမရှိပါဘူး။ တမလွန်မှာစောင့်နေတဲ့ အပြစ်စီရင်ခြင်းအတွက် စိတ်ချမှု ရှိပြီလား ? တကယ်တော့ ငရဲကျမယ့် အပြစ်က တစ်ခုပဲရှိပါတယ်။ ခရစ်ယာန်ဆိုတာ အပြစ်စီရင်ခြင်းကို မခံရဘူးဆိုတဲ့ အာမခံချက်ကိုရထားတဲ့ သူတွေဖြစ်ပါတယ်။
လူတွေက မြင်ရတဲ့အရာကိုပဲ အာရုံစိုက်တယ်၊ စိတ်ဝင်စားတယ်၊ တန်ဖိုးထားတတ်ကြပါတယ်။ တကယ်တော့ မမြင်ရပေမယ့် တကယ်ရှိနေတဲ့ အရာတွေအများကြီးပါ၊ ပိုပြီးနက်နဲပါတယ်။ စိတ်ဝင်စားဖို့လဲကောင်းပါတယ်။ ဘုရားသခင်ဟာမမြင်ရပါဘူး။ ၀ိညာဉ်ဘုရားဟာလဲ မမြင်ရပေမယ့် နက်နဲတဲ့အရာတွေဖြစ်ပါတယ်။
အီစတာ တနင်္ဂနွေသည် ခရစ်တော်ထမြောက်ရာနေ့လို့ ခရစ်ယာန်တိုင်းသိထားပါတယ်။ ဒါပေမယ့် မေးစရာက ကျွန်တော်တို့ကျတော့ရော ဘာဖြစ်သလဲပေါ့။ တကယ်တော့ အဲဒီနေ့ဟာ ခရစ်တော်ပဲထမြောက်တာမဟုတ်ဘဲ ယုံကြည်သူများလဲထမြာက်ကြ ပါတယ်။
သခင်ယေရှု မြည်းကလေးစီးပြီး ယေရှုရှလင်မြို့ထဲသို့ဝင်လာတော့ လူတွေက အ၀တ်တွေခင်း၊ စွန်ပလွန်ခက်လေးတွေ ဝှေ့ရမ်းပြီး ဟောရှဏ္ဏ အော်ကြတယ်… အဓိပ္ပါယ်က ထာဝဘုရားအခွင့်နှင့် ကြွလာသူ မင်္ဂလာရှိစေသတည်း၊ ထာဝရဘုရားကယ်တင်တော်မူပါ၊ ကောင်းချီးမင်္ဂလာပေးတော်မူပါ၊ အခု ကျွန်တော်တို့ ဟောရှဏ္ဏ လို့ကြွေးကြော်ကြမယ်… ဒါပေမယ့် ကယ်တင်ပါ၊ ကောင်ချီးပေးပါ မဟုတ်တော့ဘူး……….
ပြဿနာထဲကနေ ကယ်တင်တာလား?
ပြဿနာအထဲမှာ ကယ်တင်မှာလား?
ကယ်တင်ခြင်းက ပြဿနာထဲမှာ ရှိသလား?
ခရစ်တော်အားဖြင့်အသက်တာကို ပြန်လည်အစပြုပြီး တစ်သက်လုံးတည်ဆောက်ရပါတယ်။ ဒါပေမယ့် မိမိကိုယ်စိတ် အလိုကိုလိုက်ပြီး တပ်မက်ခြင်းအတိုင်း စာတန်ကို တစ်ချက်ကလေး အခွင့်ပေးလိုက်ရုံနဲ့ ဘ၀အသက်တာ တစ်ခုလုံးပြိုလဲပျက်စီးသွားနိုင်တယ်။ စာတန်သင့်ကို ခါချဖို့ ချောင်းမြောင်းနေပါတယ်။
အစာရှောင်ဆုတောင်ခြင်းလိုပါသလား? ဘာကြောင့် အစာရှောင်ဆုတောင်းရမှာလဲ? ဘာအကျိုးကျေးဇူးရှိသလဲ?
ဖန်ဆင်းရှင်ဘုရားသခင်က လူတစ်ယောက်အတွက် လိုအပ်တဲ့အရာအားလုံးကို ပြင်ဆင်ပံ့ပိုးပေးပါတယ်။ ယုံကြည်သူတစ်ယောက်ရဲ့ အနာဂါတ်အတွက် ဘုရားသခင်ပြင်ဆင်ထားတဲ့ အကောင်းဆုံးအရာတွေ ရှိကိုရှိနေပါတယ်……
ကျမ်းစာဖတ်ဖို့လိုပါသလား? ဘ၀အသက်တာမှာ ကျမ်းစာဟာ အလွန်အရေးကြီးပါတယ်။ ကျမ်းစာဖတ်ခြင်းအားဖြင့် ဘုရားသခင်စကားပြောတာကို ကြားရတယ်။ သမ္မာကျမ်းစာ မပါဘဲနဲ့ ဘုရားသခင်နဲ့ မိဿဟာရဖွဲ့လို့မရပါဘူး။
သြတ္တပ္ပစိတ်ဆိုတာ အဆိုးအကောင်း၊ အကျိုးအပြစ်ကို ခွဲခြမ်းနားလည်သော အသိစိတ်ဖြစ်ပါတယ်။ ဘုရားသခင်က လူတိုင်းကို သြတ္တပ္ပစိတ် ထည့်ပေးထားပါတယ်။ ဒါပေမယ့် လက်ရှိအခြေနေမှာ လူတွေရဲ့ အဲဒီစိတ်က ဘာဖြစ်သွားကြတာလဲ? လူတွေက လုပ်ချင်တာလုပ်မယ်၊ လုပ်ရမယ့်အရာလုပ်စရာမလိုဘူး ပြောဆိုမယ် အသက်ရှင်မယ်၊ သွန်သင်လာမယ်။ မိမိတို့ရဲ့ သြတ္တပ္ပစိတ်က ဘယ်လိုမျိုးလဲ? အဲလိုမျိုး ပျက်စီးကုန်ပြီလား??